Floral Background Right
Floral Background Left
ဂျပန်ဘာသာစကားသင်တန်းကျောင်း

ရွှေရောင်အနာဂတ်အတွက်
ယုံကြည်စိတ်ချစွာ
လက်တွဲလိုက်ပါ

လက်တွေ့အသုံးချနိုင်သော ဂျပန်စကားပြောကို အလေးထားသင်ကြားပေးသည့်အပြင်၊


JLPT, NAT-Test, JFT-Basic အထူးပြင်ဆင်မှု
အလုပ်အကိုင်အခွင့်အလမ်း
Myanmar to Japan Gateway
1,200+ ကျောင်းသားဟောင်းများ
98.5% JLPT / SSW အောင်ချက်
850+ ဂျပန်သို့ ပို့ဆောင်နိုင်မှု

ဂျပန်ဘာသာစကား သင်တန်းများ

JLPT, NAT-Test နှင့် JFT-Basic စာမေးပွဲများအတွက် စနစ်တကျ ပြင်ဆင်လေ့ကျင့်ပေးပြီး လက်တွေ့အသုံးချနိုင်သော စကားပြောသင်တန်းများ။

ကျွမ်းကျင်လုပ်သားအဆင့်
SSW

ကျွမ်းကျင်လုပ်သား) အရည်အချင်းစစ်နှင့် အင်တာဗျူး ပြင်ဆင်မှုသင်တန်း

ဤသင်တန်းသည် ဂျပန်နိုင်ငံတွင် Tokutei Ginou ခေါ် SSW (ကျွမ်းကျင်လုပ်သား) ဗီဇာဖြင့် သွားရောက်အလုပ်လုပ်ကိုင်လိုသူများအတွက် အထူးရည်ရွယ်ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ လုပ်ငန်းခွင်အလိုက် (ဥပမာ - စားသောက်ဆိုင်၊ ဘိုးဘွားစောင့်ရှောက်ရေး စသည်) ဖြေဆိုရမည့် အရည်အချင်းစစ်စာမေးပွဲများအတွက် စနစ်တကျ သင်ကြားပေးခြင်း၊ လုပ်ငန်းခွင်သုံး လက်တွေ့ဂျပန်စကားပြောနှင့် အလုပ်အင်တာဗျူး အောင်မြင်ရန်အတွက် အထူးပြင်ဆင်လေ့ကျင့်ပေးခြင်းများကို ပြည့်စုံစွာ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

သင်တန်းကာလ 3 Months (120 Hours)
အချိန်ဇယား Mon - Fri (09:00 AM - 12:00 PM)
  • လုပ်ငန်းခွင်အလိုက် သက်ဆိုင်ရာ SSW အရည်အချင်းစစ် စာမေးပွဲများအတွက် အထူးပြင်ဆင်လေ့ကျင့်ပေးခြင်း။
  • လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးပြုရမည့် ဂျပန်ဝေါဟာရများနှင့် စကားပြောများကို သင်ကြားပေးခြင်း။
  • အလုပ်အင်တာဗျူး ဖြေဆိုနည်းများနှင့် ကိုယ်ရေးရာဇဝင် (Rirekisho) အမှားအယွင်းမရှိ ရေးသားနည်းများကို အနီးကပ် လမ်းညွှန်ပေးခြင်း။
  • အလုပ်အကိုင်ချိတ်ဆက်ပေးခြင်းနှင့် SSW ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်များကို တိုက်ရိုက် ပံ့ပိုးကူညီပေးခြင်း။
သင်တန်းကြေး စုစုပေါင်း
၂၀၀,၀၀၀ ကျပ်
သင်တန်းအပ်မည်
အခြေခံအဆင့်
N5

JLPT N5 အခြေခံ ဂျပန်ဘာသာစကား သင်တန်း

ဤသင်တန်းသည် ဂျပန်စာကို အခြေခံမှစတင်လေ့လာမည့်သူများအတွက် ခိုင်မာသောအခြေခံအုတ်မြစ် တည်ဆောက်နိုင်ရန် ရည်ရွယ်ပါသည်။ ဟီရဂန (Hiragana)၊ ခတခန (Katakana)၊ အခြေခံ ကန်ဂျီ (Kanji)၊ သဒ္ဒါနှင့် နေ့စဉ်သုံးစကားပြောများကို စနစ်တကျ သင်ကြားပေးမည်ဖြစ်ပြီး JLPT N5, NAT-Test နှင့် JFT-Basic စာမေးပွဲများအတွက် ပြည့်စုံစွာ ပြင်ဆင်လေ့ကျင့်ပေးမည်ဖြစ်ပါသည်။

သင်တန်းကာလ 3 Months (120 Hours)
အချိန်ဇယား Mon - Fri (09:00 AM - 12:00 PM)
  • ဟီရဂန၊ ခတခန နှင့် အခြေခံ ကန်ဂျီများကို စနစ်တကျ ကျွမ်းကျင်အောင် သင်ကြားပေးခြင်း။
  • နေ့စဉ်သုံး ဂျပန်စကားပြောနှင့် နားထောင်မှုစွမ်းရည်များကို လက်တွေ့လေ့ကျင့်ပေးခြင်း။
  • JLPT N5 နှင့် NAT-Test စာမေးပွဲများ အောင်မြင်ရန်အတွက် အထူးပြင်ဆင်ပေးခြင်း။
  • အတွေ့အကြုံရှိသော ဆရာ/ဆရာမများမှ ဂရုတစိုက် အနီးကပ် သင်ကြားပေးခြင်း။
သင်တန်းကြေး စုစုပေါင်း
၂၅၀,၀၀၀ ကျပ်
သင်တန်းအပ်မည်
အလယ်အလတ်အကြိုအဆင့်
N4

JLPT N4 အလယ်အလတ်အကြို ဂျပန်ဘာသာစကား သင်တန်း

ဤသင်တန်းသည် N5 အဆင့် ပြီးမြောက်ထားပြီး ဂျပန်ဘာသာစကားစွမ်းရည်ကို ထပ်မံတိုးမြှင့်လိုသူများအတွက် ရည်ရွယ်ပါသည်။ ပိုမိုကျယ်ပြန့်သော သဒ္ဒါပုံစံများ၊ ဝေါဟာရများနှင့် ကန်ဂျီများကို လေ့လာရမည်ဖြစ်ပြီး နေ့စဉ်ဘဝအတွက် ဖတ်ရှုနားလည်မှုနှင့် နားထောင်မှုစွမ်းရည်များကို မြှင့်တင်ပေးကာ JLPT N4 နှင့် JFT-Basic စာမေးပွဲများအတွက် ပြည့်စုံစွာ ပြင်ဆင်ပေးမည်ဖြစ်ပါသည်။

သင်တန်းကာလ 3 Months (120 Hours)
အချိန်ဇယား Mon - Fri (09:00 AM - 12:00 PM)
  • N4 အဆင့် ဝေါဟာရများနှင့် ကန်ဂျီများကို ကျွမ်းကျင်ပိုင်နိုင်စွာ တိုးချဲ့သင်ကြားပေးခြင်း။
  • အဆင့်မြင့် သဒ္ဒါပုံစံများနှင့် ယဉ်ကျေးသော အသုံးအနှုန်းများကို လေ့ကျင့်ပေးခြင်း။
  • နေ့စဉ်ဘဝ အခြေအနေများအတွက် ဖတ်ရှုခြင်းနှင့် နားထောင်ခြင်း စွမ်းရည်များကို မြှင့်တင်ပေးခြင်း။
  • JLPT N4 နှင့် JFT-Basic စာမေးပွဲများအတွက် အထူးလေ့ကျင့်မှုများနှင့် စမ်းသပ်စာမေးပွဲများ (Mock Tests) ပြုလုပ်ပေးခြင်း။
သင်တန်းကြေး စုစုပေါင်း
၃၀၀,၀၀၀ ကျပ်
သင်တန်းအပ်မည်
အလယ်အလတ်အဆင့်
N3

JLPT N3 အလယ်အလတ်အဆင့် ဂျပန်ဘာသာစကား သင်တန်း

ဤသင်တန်းသည် အခြေခံအဆင့်မှ အဆင့်မြင့်သို့ ကူးပြောင်းမည့် ကျောင်းသားများအတွက် အလယ်အလတ်အဆင့် ဂျပန်ဘာသာစကားကို ကျွမ်းကျင်စေရန် ရည်ရွယ်ပါသည်။ နေ့စဉ်ဘဝနှင့်သက်ဆိုင်သော စာပိုဒ်များကို ဖတ်ရှုနားလည်နိုင်ရန်၊ ပုံမှန်အမြန်နှုန်းဖြင့်ပြောသော စကားပြောများကို သဘောပေါက်နားလည်ရန်နှင့် ဂျပန်နိုင်ငံ၏ လုပ်ငန်းခွင်အပြင် JLPT N3 စာမေးပွဲအတွက် လိုအပ်သော သဒ္ဒါနှင့် ဝေါဟာရများကို အဓိကထား သင်ကြားပေးမည်ဖြစ်ပါသည်။

သင်တန်းကာလ 3 Months (120 Hours)
အချိန်ဇယား Mon - Fri (09:00 AM - 12:00 PM)
  • N3 အဆင့် ဝေါဟာရ၊ ကန်ဂျီနှင့် သဒ္ဒါများကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသင်ယူနိုင်ခြင်း။
  • နေ့စဉ်ဘဝနှင့် သက်ဆိုင်သော ဆောင်းပါးများ၊ သတင်းနှင့် စာပိုဒ်များကို ဖတ်ရှုနားလည်နိုင်ခြင်း။
  • ပုံမှန်အမြန်နှုန်းဖြင့် ပြောဆိုသော ဂျပန်စကားပြောများကို နားထောင်နိုင်စွမ်း မြှင့်တင်ပေးခြင်း။
  • JLPT N3 စာမေးပွဲအတွက် အထူးလေ့ကျင့်မှုများနှင့် စမ်းသပ်စာမေးပွဲများ (Mock Tests) ပြုလုပ်ပေးခြင်း။
သင်တန်းကြေး စုစုပေါင်း
၃၅၀,၀၀၀ ကျပ်
သင်တန်းအပ်မည်
👨‍🏫

ကျွမ်းကျင်သော ဆရာ/ဆရာမများ

အတွေ့အကြုံရှိ ဆရာ/ဆရာမများမှ အခြေခံမှ အဆင့်မြင့်အထိ စနစ်တကျ သင်ကြားပေးပါသည်။

🏢

ကျောင်းအိပ် / ကျောင်းစားစနစ်

နယ်ဝေးကျောင်းသားများအတွက် သင်တန်းကာလအတွင်း နေရာထိုင်ခင်းနှင့် အစားအသောက်များကိုပါ စီစဉ်ပေးထားပါသည်။

🎓

ပညာဆက်လက်သင်ကြားရေး

သင်တန်းပြီးဆုံးပါက ဂျပန်နိုင်ငံရှိ Language School များသို့ သင့်တော်သလို ရွေးချယ်လျှောက်ထားပေးပါသည်။

အလုပ်အကိုင် အခွင့်အလမ်းများ

အလုပ်အကိုင် အခွင့်အလမ်းများ

ဂျပန်နိုင်ငံရှိ ယုံကြည်စိတ်ချရသော ကုမ္ပဏီကြီးများတွင် အလုပ်လုပ်ကိုင်နိုင်ရန် ကျွန်ုပ်တို့မှ ချိတ်ဆက်ဆောင်ရွက်ပေးနေသော အလုပ်အကိုင်များ။

အလုပ်အကိုင်အားလုံး ကြည့်ရန်
လောလောဆယ် အလုပ်ခေါ်စာများ မရှိသေးပါ။
နောက်ဆုံးရ သတင်းနှင့် ဆောင်းပါးများ

သတင်းနှင့် ဆောင်းပါးများ

စံအိမ်မိုး၏ နောက်ဆုံးရ သင်တန်းသတင်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဗဟုသုတရဖွယ် ဆောင်းပါးများကို ဖတ်ရှုနိုင်ပါသည်။

သတင်းအားလုံး ဖတ်ရန်
လောလောဆယ် သတင်းများ မရှိသေးပါ။
ကုမ္ပဏီ သမိုင်းကြောင်း

ကျွန်ုပ်တို့၏ ဇာတ်လမ်း

🎌 ကျွန်မတို့ စံအိမ်မိုး ရဲ့ လုပ်ငန်းခရီးစဉ်လေးဟာဆိုရင် 2015 ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် SAN EAIN MOE COMPANY LIMITED ကိုစတင်တည်ထောင်ခဲ့တာဖြစ်ပြီး 2019 ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ စံအိမ်မိုး ဂျပန်ဘာသာရပ်သင်တန်းကျောင်းလေးကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ရှင်။

San Eain Moe Logo
ကျွန်ုပ်တို့၏ အဓိက မျှော်မှန်းချက်

ကျွန်ုပ်တို့၏ ယဉ်ကျေးမှုစိတ်ဓာတ်နှင့် အဓိကရည်မှန်းချက်

ရွှေရောင်အနာဂတ်အတွက် ယုံကြည်စိတ်ချစွာလက်တွဲလိုက်ပါ

သင်ကြားရေးပိုင်းတွင် အတွေ့အကြုံရှိသော ဆရာ/ဆရာမများမှ ဂျပန်စာနှင့် ဂျပန်စကားကို အခြေခံမှ အဆင့်မြင့်အထိ စနစ်တကျ တည်ဆောက်သင်ကြားပေးပါသည်။ စကားပြော၊ နားလည်မှု၊ ဖတ်ရေး၊ စာရေး စွမ်းရည်များကို လေ့ကျင့်ပေးပြီး JLPT, NAT-Test, JFT-Basic စာမေးပွဲများအတွက် စနစ်တကျ ပြင်ဆင်လေ့ကျင့်ပေးကာ လက်တွေ့အသုံးချနိုင်သော ဂျပန်စကားပြောကို အလေးထား သင်ကြားပေးသည့်အတွက် ကျောင်းသားများ၏ ရွှေရောင်အနာဂတ်အတွက် ယုံကြည်စိတ်ချစွာ တက်ရောက်နိုင်ပါသည်။

ကျောင်းအိပ် / ကျောင်းစား စနစ်ပါရှိသည့်အတွက် သင်တန်းကာလအတွင်း နေရာထိုင်ခင်းနှင့် အစားအသောက်များကို စီစဉ်ပေးထားပါသည်။ တစ်နေ့တာ သင်ခန်းစာများကို ပြန်လည်လေ့လာနိုင်ရန် အချိန်ပိုများထားရှိပေးသည့်အပြင် ကျန်းမာရေးနှင့် သင့်တော်စွာ နေထိုင်စားသောက်တတ်စေရန် သင်ကြားစောင့်ရှောက်မှုများ ပါဝင်ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံသို့ ရောက်ရှိပြီးနောက် ဂျပန်စည်းမျဉ်းများ၊ အဆောင်နေထိုင်မှုစည်းမျဉ်းများနှင့် အမှိုက်စနစ်တကျပစ်နည်းများကိုပါ ပြည့်စုံစွာ သင်ကြားပေးပါသည်။

ကျောင်းသားများ ဂျပန်နိုင်ငံရှိ Language School များတွင် ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် လျှောက်ထားပေးခြင်း၊ လေဆိပ်ကြိုပေးခြင်း၊ ရပ်ကွက်ရုံးမှတ်ပုံတင်ခြင်း (my number)၊ ကျန်းမာရေးအာမခံ၊ ဘဏ်အကောင့်၊ မိုဘိုင်းဖုန်းဆင်းကတ်နှင့် အချိန်ပိုင်းအလုပ်အကိုင် (Part-time) ရှာဖွေပေးခြင်းများကို အပြည့်အဝ ပံ့ပိုးပေးပါသည်။ ထို့အပြင် အလုပ်အကိုင်ရွေးချယ်မှု အကြံပေးခြင်း၊ အင်တာဗျူးလေ့ကျင့်ပေးခြင်းနှင့် မိသားစုဝင်များအတွက် ဗီဇာလျှောက်ထားခြင်းဆိုင်ရာ လမ်းညွှန်မှုများကိုပါ တိကျမှန်ကန်အောင် အစွမ်းကုန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပြည့်စုံသော ဘာသာစကားသင်ကြားမှု

အတွေ့အကြုံရှိသော ဆရာ/ဆရာမများမှ ဂျပန်စာကို အခြေခံမှ အဆင့်မြင့်အထိ စကားပြော၊ နားလည်မှု၊ ဖတ်ရေး၊ စာရေး စွမ်းရည်များအား လက်တွေ့အသုံးချနိုင်ရန်နှင့် JLPT, NAT-Test, JFT-Basic စာမေးပွဲများအတွက် စနစ်တကျ လေ့ကျင့်သင်ကြားပေးပါသည်။

ကျောင်းအိပ်ကျောင်းစားနှင့် နေထိုင်မှုစောင့်ရှောက်ရေး

ကျောင်းအိပ်ကျောင်းစားစနစ်ဖြင့် နေရာထိုင်ခင်းနှင့် အစားအသောက်များကို စီစဉ်ပေးထားပြီး အချိန်ပိုလေ့ကျင့်မှုများ၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှုပုံစံများအပြင် ဂျပန်နိုင်ငံ၏ လူမှုရေးစည်းမျဉ်းများနှင့် အမှိုက်စနစ်တကျပစ်နည်းများကိုပါ ဂရုတစိုက် သင်ကြားစောင့်ရှောက်ပေးပါသည်။

ဗီဇာနှင့် အလုပ်အကိုင် အပြည့်အဝ ပံ့ပိုးမှု

Language School လျှောက်ထားခြင်း၊ လေဆိပ်ကြိုခြင်း၊ မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့် ဆင်းကတ်လုပ်ပေးခြင်းမှစ၍ အချိန်ပိုင်းအလုပ်ရှာဖွေပေးခြင်းများအထိ ဝန်ဆောင်မှုပေးပါသည်။ ထို့အပြင် တရားဝင် အေဂျင်စီလိုင်စင်ဖြင့် အလုပ်အကိုင်ဗီဇာ (Work Visa) နှင့် မိသားစုအလည်အပတ်ဗီဇာများအတွက်ပါ တိကျသေချာစွာ ပံ့ပိုးဆောင်ရွက်ပေးပါသည်။