အလယ်အလတ်အဆင့်
N3

JLPT N3 အလယ်အလတ်အဆင့် ဂျပန်ဘာသာစကား သင်တန်း

သင်တန်းကာလ 3 Months (120 Hours)
အချိန်ဇယား Mon - Fri (09:00 AM - 12:00 PM)

သင်တန်းအကြောင်းအရာ

ဤသင်တန်းသည် အခြေခံအဆင့်မှ အဆင့်မြင့်သို့ ကူးပြောင်းမည့် ကျောင်းသားများအတွက် အလယ်အလတ်အဆင့် ဂျပန်ဘာသာစကားကို ကျွမ်းကျင်စေရန် ရည်ရွယ်ပါသည်။ နေ့စဉ်ဘဝနှင့်သက်ဆိုင်သော စာပိုဒ်များကို ဖတ်ရှုနားလည်နိုင်ရန်၊ ပုံမှန်အမြန်နှုန်းဖြင့်ပြောသော စကားပြောများကို သဘောပေါက်နားလည်ရန်နှင့် ဂျပန်နိုင်ငံ၏ လုပ်ငန်းခွင်အပြင် JLPT N3 စာမေးပွဲအတွက် လိုအပ်သော သဒ္ဒါနှင့် ဝေါဟာရများကို အဓိကထား သင်ကြားပေးမည်ဖြစ်ပါသည်။

အဓိက သင်ကြားပေးမည့် အချက်များ

  • N3 အဆင့် ဝေါဟာရ၊ ကန်ဂျီနှင့် သဒ္ဒါများကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာသင်ယူနိုင်ခြင်း။
  • နေ့စဉ်ဘဝနှင့် သက်ဆိုင်သော ဆောင်းပါးများ၊ သတင်းနှင့် စာပိုဒ်များကို ဖတ်ရှုနားလည်နိုင်ခြင်း။
  • ပုံမှန်အမြန်နှုန်းဖြင့် ပြောဆိုသော ဂျပန်စကားပြောများကို နားထောင်နိုင်စွမ်း မြှင့်တင်ပေးခြင်း။
  • JLPT N3 စာမေးပွဲအတွက် အထူးလေ့ကျင့်မှုများနှင့် စမ်းသပ်စာမေးပွဲများ (Mock Tests) ပြုလုပ်ပေးခြင်း။
သင်တန်းကြေး စုစုပေါင်း
၃၅၀,၀၀၀ ကျပ်